သတင်းများ

16-3-2026

Yangon Region Investment Committee Meeting 3/2026

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၆ ခုနှစ် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၀၁ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်း နမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်းကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅) ခု တို့ကို အတည်ပြု ပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ် ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ် ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Plush Toy အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ စက္ကူ အခြေခံ ထုတ်ပိုးပစ္စည်းအမျိုးမျိုး ပုံနှိပ်၍ထုတ်လုပ်ပြီး ပြည်တွင်း၌ ၁၀၀% ရောင်းချခြင်း လုပ်ငန်း ၊ Contract Manufacturing Processing (CMP) စနစ် ဖြင့် Bra Cup များ ထုတ်လုပ်၍ ပြည်ပသို့ ၁၀၀% တင်ပို့ခြင်း လုပ်ငန်းတို့ ဖြစ်ကာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၄,၇၉၂.၃၂၆ သန်း နှင့် အမေရိကန်‌ဒေါ်လာ ၉.၅၅၁ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၃,၂၀၃) ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း နှင့် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၁) ခု အပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၁) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ ကြသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း(၄၂)ခု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၁.၅၃၉ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း (၁၄)ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၄၉,၄၄၇.၂၁၈ သန်း တို့ကို ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃၉,၃၅၇)ဦးအတွက်ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့ ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

16-3-2026

Yangon Region Investment Committee Meeting 3/2026 Read More »

9-3-2026

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Modern Furniture ထုတ်လုပ်ခြင်းလုပ်ငန်း၊ တန်ဖိုးမြှင့် ရာဘာကုန်ကြမ်းများ ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း အမျိုးမျိုး ထုတ်လုပ်၍ ပြည်တွင်း ၁၀၀% ရောင်းချခြင်းလုပ်ငန်းနှင့် စက္ကူအခြေခံ ထုတ်ပိုးပစ္စည်း အမျိုးမျိုး ထုတ်လုပ်၍ ပြည်တွင်း ၁၀၀% ရောင်းချခြင်းနှင့် ပုံနှိပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၆ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မင်္ဂလာဒုံ မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ ပြည်တွင်းမှ ရာဘာသစ်ကုန်ကြမ်းကို ရယူပြီး ရာဘာသားထုတ်လုပ်၍ ပြည်ပသို့ ရာခိုင်နှုန်းပြည့် တင်ပို့ခြင်းလုပ်ငန်း၊ အသင့်စား ခေါက်ဆွဲခြောက်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် မော်တော်ယာဥ်အမျိုးမျိုးကို (SKD) စနစ်ဖြင့် တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းနှင့် မော်တော်ယာဥ်ကိုယ်ထည် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၀၇ : ၃၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီ အဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသော Polyester အမျိုးမျိုး၊ Synthetic Fabrics and Lining Materials ထုတ်လုပ်၍ ပြည်တွင်း၌ ၁၀၀%ရောင်းချခြင်းလုပ်ငန်း ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်‌ဒေါ်လာ ၃.၀၂၅ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၂၂၅ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၂)ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၃) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

                                                                                                        

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည်မြောက်ဥက္ကလာပ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် Plush Toy အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ SKD စနစ်ဖြင့် လူသုံးကုန် လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်၍ ပြည်တွင်း၌ ၁၀၀% ရောင်းချခြင်းလုပ်ငန်း၊ ဒီဇယ်အင်ဂျင် အမျိုးမျိုး တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၉,၅၃၇.၂၂၇ သန်းနှင့် အမေရိကန်‌ဒေါ်လာ ၀.၇၂၀ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၉၁၁ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၂) ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၂) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အမျိုးသားဝတ်ရှပ်အင်္ကျီ၊ အမျိုးသမီးဝတ်ရှပ် အင်္ကျီနှင့် ကလေးဝတ်အင်္ကျီ အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် နောက်တွဲယာဉ်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) နှင့် (အနောက်ပိုင်း) မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ရှိ နိုင်ငံတကာ အဆင့်မီတန်ဖိုးမြှင့်ဆန် ထုတ်လုပ်တင်ဖိုးမြှင့် ဆန်ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Poly Resin အား အခြေခံ၍ အရည်အသွေးမြှင့် Poly Resin, Cold Cast Bronze, Pewter ကြွေထည်ရုပ်ထုများနှင့် ပန်းပုရုပ်ထုများ ထုတ်လုပ် ခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသော Polyester အမျိုးမျိုး၊ Synthetic Fabrics and Lining Materials ထုတ်လုပ်၍ ပြည်တွင်း၌ ၁၀၀% ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

(၁၂/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၀၉ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂) ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများထုတ်လုပ်၍ ၁၀၀% ပြည်တွင်း၌ ရောင်းချခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲ၍ ပြည်ပသို့ ၉၀.၇၄% တင်ပို့၍ ပြည်တွင်း၌ ၉.၂၆% ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာထွက်သီးနှံများအား တန်ဖိုးမြှင့်တင် ထုတ်လုပ်ပြီး ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ Recycle Metal scraps Product အမျိုးမျိုးအား ခွဲခြားထုတ်ပိုး၍ ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် လောင်စာဆီသုံး ၂ဘီး၊ ၃ဘီးမော်တော်ဆိုင်ကယ်အမျိုးမျိုး တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း၌ ၁၀၀% ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၉,၅၆၄.၀၂၀ သန်းနှင့် အမေရိကန်‌ဒေါ်လာ ၄.၉၈၈ ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၄၁၅ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် ပြည်တွင်းဝန်ထမ်း (၄၃၀) ဦး တိုးမြှင့် ခန့်ထားခွင့် တင်ပြ လာသည့် လုပ်ငန်း (၁)ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၇) ခု၏ တင်ပြချက် များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

(၁၂/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကျင်းပခြင်း Read More »