သတင်းများ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့ရှိ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း နှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ၏ စီးပွားဖြစ်စတင် လည်ပတ်ရန်အတွက် လျှောက်ထား လာခြင်းအပေါ် ကုမ္ပဏီ၏ မြေပြင် အခြေအနေတို့အား ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံ သူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

(၃/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းများ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်‌ဒေါ်လာ ၃.၃၆၉ သန်း (အမေရိကန်‌ဒေါ်လာ သုံး ဒဿမ သုံးခြောက်ကိုး သန်း) ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၂,၈၀၂ ဦး (နှစ်ထောင် ရှစ်ရာနှစ်ဦး) အတွက် ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၇)ခု ၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

(၃/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကျင်းပခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မှော်ဘီမြို့နယ်ရှိ ပလတ်စတစ်ဗူးအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (၁၀၀%ပြည်တွင်း၌ ရောင်းချခြင်း) လုပ်ငန်း၏ စက်ပစ္စည်းများ စမ်းသပ်လည်ပတ်နိုင်ရန်အတွက် စက်များတွင် အသုံးပြုရန် လိုအပ် လျက်ရှိသည့် Shell Omala S2 G 320 နှင့် Shell Tellus S2 MX 46 အမှတ်တံဆိပ်ပါ Hydraulic Oil နှင့် Compressor Oil, 16,968 KG တို့အား တင်သွင်းခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကုမ္ပဏီ၏ မြေပြင် အခြေအနေတို့အား ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံ သူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်မည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် -၂၀၂၅ ကို ကျင်းပ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး)၏ အစီအစဉ်ဖြင့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၅ (Yangon Investment Forum-2025) ကို ယနေ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။ ဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးရန်၊ ပြည်တွင်း အငယ်စား၊ အသေးစား၊ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများအကြား ဆက်သွယ်ချိတ်ဆက်လာနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး ဖိုရမ်၏ ဆောင်ပုဒ်မှာ “Sustainable Growth, Smart Investment: The Future of Yangon” “စဉ်ဆက်မပြတ် ဖွံဖြိုးမှု၊ ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုနှင့် ရန်ကုန်၏ အနာဂတ်” ဟူ၍ ဖြစ်သည်။ ပထမဦးစွာ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၅ ၏ အခမ်းအနားကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင် တို့က မင်္ဂလာမောင်းကို တီး၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦး တို့က အမှာစကားများ အသီးသီး ပြောကြားကြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် “ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏ စီးပွားရေးမောင်းနှင်မှုအတွက် အရေးပါသော ဒေသတစ်ခုဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးဒေသများထဲမှ တစ်ခုဖြစ် ကြောင်း၊ MSME လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများနှင့် ချိတ်ဆက်မှုရရှိပြီး ရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းများအပေါ် ထိရောက်စွာ ပံ့ပိုးပေးနိုင်သည့် လုပ်ငန်း (Supporting Industries) များအဖြစ် ချိတ်ဆက်မှုများ ရရှိကာ ထုတ်လုပ်မှု ကွင်းဆက်ကောင်းများ ဖြစ်ပေါ်လာရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီမှုများသည် အရေးကြီးပါသဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဥပဒေနှင့် အညီ ကူညီပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း” ထည့်သွင်းပြောကြားသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် က “ရန်ကုန်တိုင်းဒေသကြီး သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အားကောင်း သည့် ဒေသတစ်ခု ဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်လုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းတို့အပြင် MSMEs လုပ်ငန်း များကို ပိုမိုကောင်းမွန်လာစေရေးကို ပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း” ပြောကြားပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာများကို သက်ဆိုင်ရာပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများကို ရိုက်ကူးပြီး၊ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့ဖိုရမ်တွင် MSMEs လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြခန်း စုစုပေါင်း (၂၇)ခန်းကပါဝင်၍ စိတ်ဝင်စားဖွယ် ခင်းကျင်းပြသခဲ့ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက powerpoint presentation ဖြင့် ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ စကားဝိုင်း ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ “Power Investment & EV prospect in Yangon” စကားဝိုင်း၊ “Agriculture, Industry and Services in Yangon” စကားဝိုင်းနှင့် “Bridging MSMEs & Investment in Yangon” စကားဝိုင်းများကို ဆွေးနွေးကြသည်။ ထိုသို့ဆွေးနွေးရာတွင် လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍနှင့် MSMEလုပ်ငန်း ကဏ္ဍတို့၏ အခွင့်အလမ်းများအား အစိုးရဌာနများမှ အဆင့်မြင့် အရာရှိကြီးများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပါဝင် ဆွေးနွေးကြသည်။

ဆက်လက်၍ ဆွေးနွေးခဲ့သည့် ကဏ္ဍ ၃ ခု အပေါ် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံချိတ်ဆက်ဆွေးနွေးခြင်း (Business Networking & Matching) အစီအစဉ်ကို ဆက်လက် ကျင်းပရာ ဖိုရမ်သို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက တက်ကြွစွာ ပါဝင်ဆွေးနွေးကြပြီး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက်စီးပွားရေးချိတ်ဆက်မှုများ ပိုမိုရရှိခဲ့ကြသည်။

ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ ဖိုရမ်ကို ပိတ်သိမ်းပေးခဲ့သည်။ ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာမှ အဆင့်မြင့်အရာရှိကြီးများ၊ ပြည်တွင်း၊ ပြည်ပ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်မည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် -၂၀၂၅ ကို ကျင်းပ Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ Warehousing Services And Logistics Services လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ၏ စီးပွားဖြစ်စတင် လည်ပတ်ရန်အတွက် လျှောက်ထား လာခြင်းအပေါ် ကုမ္ပဏီ၏ မြေပြင် အခြေအနေတို့အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံ သူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

(၂/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၀၈:၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု တို့ကို အတည်ပြု ပေးခဲ့ပါသည်။ အတည်ပြု ပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၇၉၆.၉၅၀ သန်း (ကျပ် ခုနစ်ရာ ကိုးဆယ့်ခြောက် ဒဿမ ကိုးငါးသုညသန်း) နှင့် အမေရိကန်‌ ဒေါ်လာ ၁ သန်း (အမေရိကန်‌ဒေါ်လာ တစ်သန်း) ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁,၉၂၀ ဦး (တစ်ထောင်ကိုးရာနှစ်ဆယ်ဦး) အတွက် ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၃)ခု ၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

(၂/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏အစည်းအဝေးကျင်းပခြင်း Read More »

(၁/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၀၈ :၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ နှင့် စက်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု တို့ကို အတည်ပြု ပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ အဆင်သင့် ဖျော်စပ်ပြီးသော ကွန်ကရစ်များ ရောင်းချ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း နှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်ပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၈၀၀ သန်း (ကျပ် ရှစ်ရာ သန်း) နှင့် အမေရိကန်‌ ဒေါ်လာ ၅.၉၃၁သန်း (အမေရိကန်‌ဒေါ်လာ ငါးဒဿမ ကိုးသုံးတစ် သန်း) ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁,၀၁၆ ဦး (တစ်ထောင် တစ်ဆယ့်ခြောက်ဦး)အတွက် ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၆)ခု ၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

(၁/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ Tape ၊ Plastic Sheet နှင့် ထုတ်ပိုးပစ္စည်းများ ထုတ်လုပ်၍ ပြည်တွင်း CMP လုပ်ငန်းများ နှင့် ပြည်ပသို့ ရောင်းချခြင်းလုပ်ငန်း ၏ စီးပွားဖြစ် စတင်လည်ပတ် ထုတ်လုပ်မည့် အခြေအနေအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း နှင့် CMP စနစ်ဖြင့် Bedding အမျိုးမျိုးထုတ်လုပ်ခြင်း လုပ်ငန်းများ၏ စီးပွားဖြစ် စတင်လည်ပတ် ထုတ်လုပ်မည့် အခြေအနေ၊ ကနဦးကုန်ကြမ်း တင်သွင်းမည့် မြေပြင် အခြေအနေများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

(၁၂/၂၀၂၄) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

(၁၂/၂၀၂၄) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပခြင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့ ဖြစ်ပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၁,၁၈၀ သန်း (ကျပ် တစ်ထောင့်တစ်ရာရှစ်ဆယ်သန်း)နှင့် အမေရိကန်‌ ဒေါ်လာ ၂.၂၂၀ သန်း (အမေရိကန်‌ဒေါ်လာ နှစ်ဒဿမ နှစ်နှစ်သုညသန်း) ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၂,၄၄၀ ဦး (နှစ်ထောင့်လေးရာလေးဆယ် ဦီး)အတွက် ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။ 

ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၃)ခု ၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

(၁၂/၂၀၂၄) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပခြင်း Read More »