ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မင်္ဂလာဒုံမြို့နယ် နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ ရေခဲမုန့်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ Contract Manufacturing Process (CMP) စနစ်ဖြင့် ပြည်ပမှ နှမ်းဝယ်ယူပြီး တန်ဖိုး မြှင့်ပို့ကုန် နှမ်းလှော်မှုန့် ပြုလုပ်၍ ပြည်ပသို့ပြန်လည်ပေးပို့ခြင်း လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများ တွင် အသုံးပြုသော ပလတ်စတစ်အိတ်အမျိုးမျိုးထုတ်လုပ်၍ ပြည်တွင်းရှိ CMP အထည်ချုပ် လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အိပ်ယာခန်းဝင်ပစ္စည်း အမျိုးမျိုး ချုပ်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ အား ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


