ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း (၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၆)ကြိမ်မြောက် အစည်းအဝေး ကို ယနေ့နံနက် ၀၉ : ၃၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်း နမူနာ (Product Show) ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့်ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး က စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၀) ခုနှင့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၂) ခုတို့ကို အတည်ပြုပေးခဲ့သည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်မည့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းများ အဓိကပါဝင်ပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်‌ဒေါ်လာ ၁၅.၈၄၈သန်း (အမေရိကန်ဒေါ်လာ တစ်ဆယ့်ငါး ဒဿမ ရှစ်လေးရှစ်သန်း) နှင့် ကျပ် ၃,၁၃၃.၅၉၇ သန်း (ကျပ် သုံးထောင့် တစ်ရာ သုံးဆယ့်သုံး ဒဿမ ငါးကိုးခုနစ်သန်း) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၉,၃၁၅) ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၈) ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၆၀) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။       

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်