ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း နှင့် အနောက်ပိုင်း) မြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးချုပ်လုပ် ခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် သုံးဘီးမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့် ဂျပ်ဖာများထုတ်လုပ်၍ ၁၀၀% ပြည်တွင်းရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


