သတင်းများ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် သင်္ဃန်းကျွန်း ခရိုင် နှင့် ဒဂုံ(မြို့သစ်)ခရိုင်တို့ရှိ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်၍ ၁၀၀% ပြည်တွင်း၌ ရောင်းချခြင်းလုပ်ငန်း နှင့် Recycle Metal Scraps Products အမျိုးမျိုးအား ခွဲခြား၊ ထုတ်ပိုး၍ ၁၀၀% ပြည်ပ တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ ခရိုင် ရှိ အထည်အမျိုးမျိုးနှင့် အဝတ်အထည်များကို လျှော်ဖွတ် သန့်စင်ခြင်းဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်းမှ ပီလောပီနံများ ပဲစိမ်းများ ရယူကာ အရည်အသွေးမြှင့် ထုတ်ကုန်များ ထုတ်လုပ်၍ ၁၀၀% ပြည်ပသို့ ပြန်လည် တင်ပို့ ခြင်းလုပ်ငန်း၊ ဒီဇယ်အင်ဂျင်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း နှင့် SKD စနစ်ဖြင့် လောင်စာဆီသုံး ၂ ဘီး၊ ၃ ဘီး မော်တော် ဆိုင်ကယ် အမျိုးမျိုးတပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

(၁၁/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၀၉ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၇) ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြင့် Poly Resin Ornaments, Christmas Ornaments, Home Decorations, Ceramic, Porcelain Figurines and Cold Cast Bronze Ornaments and Collectibles အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် နားကြပ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပလတ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်‌ဒေါ်လာ ၁၂.၄၀၈ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၆,၇၈၆ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မည့် လုပ်ငန်း ၃ ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၈) ခု၏ တင်ပြချက် များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

(၁၁/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကျင်းပခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် ခရိုင် ရှိ Manufacture of Aluminium Metal Products (Such as Aluminium Profile) လုပ်ငန်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း နှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ CMP စနစ်ဖြင့် အရည်အသွေးမြင့် poly resin ornaments, Christmas ornaments, home decorations, ceramic, porcelain figurines and cold cast bronze ornaments and collectibles အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း ၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် သိုးမွှေးဖြင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

(၁၀/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၀၉ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၄) ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်‌ဒေါ်လာ ၅.၁၉၆ သန်းဖြစ်ပြီး ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ၃,၆၉၅ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မည့် လုပ်ငန်း ၁ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၀) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

(၁၀/၂၀၂၅) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးကျင်းပခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရှိ Contract Processing System Normal System စနစ် (၂) မျိုးဖြင့်တန်ဖိုးမြှင့် ရေချို၊ ရေငန်ငါး၊ ပုဇွန်ပြုပြင် ထုတ်လုပ်ခြင်း၊ ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငါးမျိုးစုံဘလောက်တုံးများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသော ကုမ္ပဏီ၏ စီးပွားဖြစ်စတင် လည်ပတ်ရန်အတွက် လျှောက်ထားခြင်း၊ Manufacturing of Bra Cup Underwear Mold for Local CMP Enterprise လုပ်ငန်း၊ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း နှင့် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း တို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေတို့အား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်နှင့် မှော်ဘီမြို့နယ်ရှိ CMP စနစ်ဖြင့် လက်ကိုင်အိတ်အမျိုးမျိုးနှင့်ခရီးဆောင်အိတ် ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်ရှိ Mattress နှင့် Foam အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (ပြည်တွင်းရောင်းချ ခြင်း ၇၀% နှင့် ပြည်ပ တင်ပို့ခြင်း ၃၀%) နှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် သန်လျင် မြို့နယ်ရှိ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ၊ ပဲအမျိုးမျိုးနှင့် နှမ်း သန့်စင်ကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်း(၁၀၀% ပြည်ပတင်ပို့ခြင်း) နှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ (PVC ပိုက်များနှင့် HDPE ပိုက်များ) ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »