အသိပေးကြေညာခြင်း

အသိပေးကြေညာခြင်း

၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်သည့်လုပ်ငန်းအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ MIC Permitted Companies Online VISA Application System (MOVAS) ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ Online စနစ်ဖြင့် စတင်ဝန်ဆောင်မှုပေးခဲ့ပြီး ယခုအခါတွင် လက်ရှိအသုံးပြုနေသော Web Hosting အား ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ မတ်လ ၂၇ ရက်နေ့အတွင်း နေရာပြောင်းရွှေ့ခြင်း ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ Web Hosting နေရာပြောင်းရွှေ့ခြင်းအား ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ မတ်လ ၂၇ ရက်နေ့အတွင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ဖော်ပြပါ ၅ ရက်တာ အချိန်အတွင်း၌ MOVAS System အသုံးပြုခြင်းအား ခေတ္တရပ်နားထားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ် ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန