စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ဖိနပ်အမျိုးမျိုးထုတ်လုပ်ရောင်းချခြင်း(၁၀၀ ရာခိုင်နှုန်းပြည်တွင်း ရောင်းချခြင်း) လုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံသို့ ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင်. သွားရောက်၍ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများနှင့် စီးပွားဖြစ်ထုတ်လုပ် လည်ပတ်လျက်ရှိသည့် လုပ်ငန်း များ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးအာမခံ ထားရှိမှု အခြေ အနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။