စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့ရှိ Manufacture of Structural Metal Products (Such as Steel Structural၊ Equipment Shell ၊Color Steel Tile၊ C -Type Steel)၊ Manufacture of Aluminum Metal Products (Such As Aluminum Profile) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင်လည်ပတ် ထုတ်လုပ်မည့် အခြေအနေနှင့် တည်ဆောက်ရေးကာလအတွင်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးအာမခံ ထားရှိမှု အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ