Author name: Admin

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ မြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Foam & Foam Mattress အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြှင့် Poly Resin အား အခြေခံ၍ အရည်အသွေးမြှင့် Poly Resin, Cold Cast Bronze, Pewter ကြွေထည် ရုပ်ထုများနှင့် ပန်းပုရုပ်ထုများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ Semi Knocked- Down (SKD) စနစ်ဖြင့် သုံးဘီး မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်မည့်လုပ်ငန်းများ နှင့် စီးပွားဖြစ်ထုတ်လုပ် လည်ပတ်လျက်ရှိသည့် လုပ်ငန်း များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးအာမခံ ထားရှိမှု အခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ : ၃၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ် ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၊ စက်မှု ကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်း များမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ၁၀၀% ပြည်တွင်း၌ ရောင်းချမည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ဆန်အမျိုးမျိုး ကြိတ်ခွဲတင်ပို့ ရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေကျပ် ၉,၁၅၁.၈၀၀ သန်းနှင့် အမေရိကန်‌ဒေါ်လာ ၀.၇၀၄ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၉၄) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ တိုးမြင့်မည့် လုပ်ငန်း (၁)ခု အပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၈)ခု၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း Read More »

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ : ၃၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်း များမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀% ‌ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလပ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ၊ ရာဘာသစ်အချောထည်များ ထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်ပတင်ပို့ခြင်းလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော Carton Box များ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်‌ဒေါ်လာ ၆.၃၉၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၆,၅၅၁) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၇)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း Read More »

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေး သတင်းထုတ်ပြန်ချက် (၇/၂၀၂၃)

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဝန်ဆောင်မှု ကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုကို အတည်ပြု ပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ဟိုတယ်လုပ်ငန်း ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၅၉၇၀.၂၃၉ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၆၁၇) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၁၈၀၂) ဦး တိုးမြှင့်ဖန်တီးပေးမည့် လုပ်ငန်း (၁)ခုအပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၅)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေး သတင်းထုတ်ပြန်ချက် (၇/၂၀၂၃) Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း  

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မြောက်ဥက္ကလာ ပမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် အိတ်အမျိုးမျိုးထုတ်လုပ်၍ ပြည်တွင်းသို့ ရာခိုင်နှုန်းပြည့်ရောင်းချခြင်း လုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ ပါသည်။

ကွင်းဆင်းကြည့်ရှုအားပေးခြင်း   Read More »

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ ကျင်းပခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခြင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေးတို့ အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ ကျင်းပခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်ရှိ CMP စနစ်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းသုံး Signal Cable အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း နှင့် အဝတ်အထည်များ၌ သုံးသော Labels, Tags, Stickers and Color Boxes အမျိုးမျိုး ထုတ်လုပ်၍ ပြည်တွင်းရှိ CMP လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိသော စက်ရုံများသို့ ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင် လည်ပတ် ထုတ်လုပ်မည့် အခြေအနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထား ရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်ရှိ carton box များထုတ်လုပ်၍ ပြည်တွင်းရှိ CMP လုပ်ငန်းများသို့ ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံသို့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထား ရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှည်းကူး မြို့နယ်ရှိ CMP စနစ်ဖြင့် အမျိူးသမီးဝတ် ဘရာစီယာ၊ အတွင်းခံဘောင်းဘီနှင့် ၎င်း၏ ဆက်စပ် ပစ္စည်းအမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံသို့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ မြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ သော စက်ရုံသို့ ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ ပါသည်။

ကွင်းဆင်းကြည့်ရှုအားပေးခြင်း Read More »