ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မင်္ဂလာဒုံ မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ရှိ CMP စနစ်ဖြင့် ကားပုံစံငယ်နှင့် ကားပုံစံငယ် အစိတ်အပိုင်း ထုတ်လုပ်ခြင်း လုပ်ငန်း၊ စက္ကူ အခြေခံ ထုတ်ပိုးပစ္စည်းအမျိုးမျိုး ပုံနှိပ်၍ထုတ်လုပ်ပြီး ပြည်ပသို့ ၁၀၀% တင်ပို့ခြင်း လုပ်ငန်း၊ ဆန်ဖြူ၊ ဆန်ကွဲသန့်စင်ခြင်း၊ အရောင် တင်ခြင်းနှင့် တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ ပဲအမျိုးမျိုး ကြိတ်ခွဲသန့်စင် ထုတ်လုပ်ပြီး ပြည်ပသို့ ၁၀၀% တင်ပို့ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့် CMP စနစ်ဖြင့် အရုပ်အမျိုး မျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


