16-3-2026

Yangon Region Investment Committee Meeting 3/2026

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၆ ခုနှစ် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၀၁ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထား သူများ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်း နမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်းကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅) ခု တို့ကို အတည်ပြု ပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ် ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ် ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Plush Toy အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ စက္ကူ အခြေခံ ထုတ်ပိုးပစ္စည်းအမျိုးမျိုး ပုံနှိပ်၍ထုတ်လုပ်ပြီး ပြည်တွင်း၌ ၁၀၀% ရောင်းချခြင်း လုပ်ငန်း ၊ Contract Manufacturing Processing (CMP) စနစ် ဖြင့် Bra Cup များ ထုတ်လုပ်၍ ပြည်ပသို့ ၁၀၀% တင်ပို့ခြင်း လုပ်ငန်းတို့ ဖြစ်ကာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၄,၇၉၂.၃၂၆ သန်း နှင့် အမေရိကန်‌ဒေါ်လာ ၉.၅၅၁ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၃,၂၀၃) ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း နှင့် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၁) ခု အပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၁) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ ကြသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း(၄၂)ခု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၁.၅၃၉ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း (၁၄)ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၄၉,၄၄၇.၂၁၈ သန်း တို့ကို ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃၉,၃၅၇)ဦးအတွက်ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့ ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

16-3-2026

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်