ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
ရည်မှန်းချက်နှင့် ဦးတည်ချက်
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးအား ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့၌ အမှတ်(၁)၊သစ္စာလမ်း၊ ရန်ကင်းမြို့နယ်ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ရုံးချုပ်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ ပါသည်။ ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် အမှတ် (၄၉)၊စိမ်းလဲ့မေလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ကုမ္ပဏီဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ရန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ရည်မှန်းချက်မှာ “ရန်ကုန် တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း များအား မြှင့်တင်ပေးပြီး ရင်းနှီးမြှုပ်နှံသူများအား အထောက်အကူပေးရန်နှင့် ရန်ကုန်တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေးဆောင် ရွက်ရန်”နှင့် ဦးတည်ချက်မှာ “စွမ်းဆောင်မှု ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီ ဖြစ်ရန် နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေခြင်းဖြင့် ရန်ကုန်တိုင်း ဒေသကြီး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်”ဖြစ်ပါသည်။
လုပ်ငန်းတာဝန်
- ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတွင်းရေးမှူးရုံးအဖြစ် ဆောင် ရွက်ခြင်း၊
- အတည်ပြုလျှောက်ထားလွှာများ နှင့် အထွေထွေကိစ္စရပ်များ စိစစ်ခြင်း၊
- ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်း၊
- ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ခြင်း၊
- တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံဝန်ဆောင်မှုပေးခြင်းအဖွဲ့ (ဌာန ဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့- One Stop Services for Investment- OSS)၏ ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း၊
- သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှု ဇုန်များ ဖော်ဆောင်ရေးနှင့်ကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး စာရင်း အင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီ၊ ရန်ကုန် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ စသည်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ပေးအပ်ထားသော စုစုပေါင်းအဖွဲ့(၂၃) ဖွဲ့တွင် ပါဝင်ဆောင်ရွက်ခြင်း၊