ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြောက်ဥက္ကလာပ မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် မှော်ဘီမြို့နယ်ရှိ CMP စနစ် ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် အိမ်သုံးလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းအပါအဝင် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ အား ၂၀၂၆ ခုနှစ် ၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။