ကွင်းဆင်းကြည့်ရှုအားပေးခြင်း ဩဂုတ် 21, 2026 ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်၊ မှော်ဘီမြို့နယ် နှင့် လှည်းကူးမြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက် နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။