ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) မြို့နယ်ရှိ ဆန်ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချခြင်း လုပ်ငန်း ၊ အသင့်စား စားသောက်ကုန် ကြာဇံခြောက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ၊ ပီနံအိတ်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီတို့၏ မြေပြင် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။


