ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) နှင့် (အနောက်ပိုင်း) မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ရှိ နိုင်ငံတကာ အဆင့်မီတန်ဖိုးမြှင့်ဆန် ထုတ်လုပ်တင်ဖိုးမြှင့် ဆန်ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အိတ် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Poly Resin အား အခြေခံ၍ အရည်အသွေးမြှင့် Poly Resin, Cold Cast Bronze, Pewter ကြွေထည်ရုပ်ထုများနှင့် ပန်းပုရုပ်ထုများ ထုတ်လုပ် ခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ