ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်ရှိ Mattress နှင့် Foam အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (ပြည်တွင်းရောင်းချ ခြင်း ၇၀% နှင့် ပြည်ပ တင်ပို့ခြင်း ၃၀%) နှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ