ကွင်းဆင်းကြည့်ရှုအားပေးခြင်း မေ ၂၂၊ ၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် သန်လျင်-ကျောက်တန်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော CMP စနစ်ဖြင့် အိတ်အမျိုးမျိုးချုပ်လုပ် ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် လက်ဆွဲအိတ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အီလက်ထရောနစ်အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပဲအမျိုးမျိုးနှင့် ဆန်၊ ဆန်ထွက်ပစ္စည်းများကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့၏ မြေပြင် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အား ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ