ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့ရှိ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း နှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ၏ စီးပွားဖြစ်စတင် လည်ပတ်ရန်အတွက် လျှောက်ထား လာခြင်းအပေါ် ကုမ္ပဏီ၏ မြေပြင် အခြေအနေတို့အား ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံ သူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ