ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မှော်ဘီမြို့နယ်ရှိ ပလတ်စတစ်ဗူးအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း (၁၀၀%ပြည်တွင်း၌ ရောင်းချခြင်း) လုပ်ငန်း၏ စက်ပစ္စည်းများ စမ်းသပ်လည်ပတ်နိုင်ရန်အတွက် စက်များတွင် အသုံးပြုရန် လိုအပ် လျက်ရှိသည့် Shell Omala S2 G 320 နှင့် Shell Tellus S2 MX 46 အမှတ်တံဆိပ်ပါ Hydraulic Oil နှင့် Compressor Oil, 16,968 KG တို့အား တင်သွင်းခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကုမ္ပဏီ၏ မြေပြင် အခြေအနေတို့အား ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံ သူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ
