ကွင်းဆင်းကြည့်ရှုအားပေးခြင်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ Warehousing Services And Logistics Services လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ၏ စီးပွားဖြစ်စတင် လည်ပတ်ရန်အတွက် လျှောက်ထား လာခြင်းအပေါ် ကုမ္ပဏီ၏ မြေပြင် အခြေအနေတို့အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံ သူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ