စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံ၏ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ CMP စနစ် ဖြင့် ပလတ်စတစ် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၏ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့် တင်ပြလာခြင်းအ‌ပါ် မြေပြင်အခြေအနေနှင့် အတည်ပြုမိန့် ရယူရန် လျှောက်ထားလာသော CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၏ မြေပြင်အခြေအနေတို့အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ