ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြင့်လာစေရန်၊ ရှိပြီးသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု နှင့်ဆက်စပ်သည့် လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့်အညီ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၌ အမိန့်ကြော်ငြာစာ အမှတ် ၅၈/၂၀၁၇နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်စွဲပါ စာအမှတ်၊ မရက-၆/၁/၂၀၁၇(၀၇၆၁)တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီကို အဖွဲ့ဝင်(၇)ဦးဖြင့်စတင် ဖွဲ့စည်းပေးခဲ့ပါသည်။

Department Logo

Investors can apply for an endorsement with an investment value of up to 5 million US dollars for foreign direct investment and joint venture or 6,000 million Kyats for Myanmar citizen Investments to Yangon Region Investment Committee and obtain an endorsement, except for the businesses listed in Article 36 of the Myanmar Investment Law. Investors can benefit of Myanmar Investment Law Chapter 12 Land Use Rights and Section 75, 77 and 78 exemptions either a concession or more than one or all by applying for an endorsement of an investment proposal.

အတည်ပြုလျှောက်ထားလွှာတင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာအဖွဲ့အစည်း၏ခွင့်ပြုချက် သို့မဟုတ် ပါမစ် သို့မဟုတ် အလားတူ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်။ပုဒ်မ ၃၇ အရ တင်ပြလာသော အတည်ပြုလျှောက်ထားလွှာကို ကော်မတီရုံးသည် လိုအပ်သည့်စိစစ်မှုများပြုလုပ်ပြီး ပြည်စုံပါကလက်ခံခြင်း၊ ပြည့်စုံမှုမရှိပါက ပြင်ဆင်ဖြည့်စွက် ၍ပြန်လည်တင်ပြစေခြင်းပြုနိုင်သည်။ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းများစွာရှိသည့်အတွက် အဆိုပါလုပ်ငန်းများ၏ အထွေထွေကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်ပေး နိုင်ရန်နှင့် လုပ်ငန်းအသစ်များအား စိစစ်ခွင့်ပြုပေးနိုင်ရန်အတွက် ကော်မတီအစည်းအဝေးများကို တစ်လလျှင် တစ်ကြိမ် ပုံမှန်ကျင်းပပေးလျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတည်ပြုမိန့်လျှောက်ထားခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး)ထံ မှ အကြံဉာဏ် တောင်းခံ၍ သတင်းအချက်အလက်များ ရယူနိုင်ပါသည်။

အတည်ပြုလျောက်ထားလွှာ (ပုံစံ ၄-ခ)နှင့် မြေအသုံးပြုမှုလျောက်ထားလွှာ (ပုံစံ ၇-ခ) တို့ကို ဝက်ဆိုဒ်မှရယူဖြည့်သွင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး)သို့ လျှောက်ထားနိုင်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး)မှ စိစစ်ပြီးသော ပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှုအတည်ပြုချက်ကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်း အဝေးသို့ တင်ပြခွင့်ပြုချက်ရယူပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးက အတည်ပြုချက်ကို သဘောတူခွင့်ပြု ပါက အတည်ပြုမိန့် ထုတ်ယူနိုင်သည်။