ကွင်းဆင်းကြည့်ရှုအားပေးခြင်း အောက်တိုဘာ ၁၆၊ ၂၀၂၅ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်နှင့် မှော်ဘီမြို့နယ်ရှိ CMP စနစ်ဖြင့် လက်ကိုင်အိတ်အမျိုးမျိုးနှင့်ခရီးဆောင်အိတ် ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ