စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံ(ဆိပ်ကမ်း) မြို့နယ်ရှိ Warehousing Services And Logistics Services လုပ်ငန်း ဆောင်ရွက်လျက်ရှိ သော စက်ရုံ၏ ကိုယ်စား လှယ်ရုံးခွဲဖွင့်လှစ်ခြင်းနှင့် Share Capital လွှဲပြောင်းခြင်းအတွက် လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေ၊ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး၊ ခါးပတ်အမျိုးမျိုးနှင့် ဒူးကာ အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းမှ ကုန်ကြမ်းပစ္စည်းများ တိုးမြှင့်ခွင့် တင်ပြလာခြင်းအပေါ် မြေပြင် အခြေအနေတို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန် ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ