စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ စက္ကူပုံးနှင့်စက္ကူကတ်ထူပြားများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် ခွန်အားဖြည့် အချိုရည်၊ အချိုရည်အမျိုးမျိုးထုတ်လုပ်၍ ပြည်တွင်း၌ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသောစက်ရုံများသို့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ တွင် စီးပွားဖြစ်စတင်လည်ပတ်ထုတ်လုပ်နိုင်မည့်အခြေအနေများအား ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများလိုက်နာဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ