စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၏ကနဦးကုန်ကြမ်း တင်သွင်းမည့်အခြေအနေအားလည်းကောင်း၊ အလုပ်သမားတိုင်ကြားမှုနှင့်ပတ်သက်၍ လှိုင်သာယာ(‌အရှေ့ပိုင်း)မြို့နယ်ရှိ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေသည့်အခြေအနေများအားလည်းကောင်း၊ အတည်ပြုမိန့်ရယူရန်လျှောက်ထားလာသော CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၏ မြေပြင်အခြေအနေများအားလည်းကောင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏တာဝန်ဝတ္တရားများလိုက်နာဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင်တွေ့ကြုံရသည့်အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ