စီးပွားဖြစ် စတင်လည်ပတ်ထုတ်လုပ်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်ရှိ CMP စနစ်ဖြင့် အိတ် အမျိုးမျိုးထုတ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် နားကြပ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် ဆန်ကြိတ်ခွဲခြင်း၊ ဆန်ဖွတ်ချော သန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများ၏ စီးပွားဖြစ်စတင် လည်ပတ် ထုတ်လုပ်ရန် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ အတည်ပြုမိန့်ရယူရန် လျှောက်ထားလာသော CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းနှင့် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းများ၏ မြေပြင်အခြေ အနေများအား ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ