Author name: Admin

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိ သော စက်ရုံ၏ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အတည်ပြုမိန့်ရယူရန် လျှောက်ထား လာသော နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့်ရာဘာ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်း၏ မြေပြင်အခြေအနေတို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေသော စက်ရုံ၏ အလုပ်သမားများ တိုင်ကြားလာမှုနှင့် ပတ်သက်၍ မြေပြင်အခြေအနေ၊ CMP စနစ်ဖြင့် ဦးထုပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်မျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများ၏ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန် ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

(၈/၂၀၂၄) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း ဖြစ်ပါသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်‌ ဒေါ်လာ ၀.၆၀၀ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၇၁၀) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၀)ခု ၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံ၏ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ CMP စနစ် ဖြင့် ပလတ်စတစ် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၏ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့် တင်ပြလာခြင်းအ‌ပါ် မြေပြင်အခြေအနေနှင့် အတည်ပြုမိန့် ရယူရန် လျှောက်ထားလာသော CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၏ မြေပြင်အခြေအနေတို့အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ CMP စနစ်ဖြင့် မျက်မှန်ထည့်သော (Hardware & Plastic) ဗူးအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံသို့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ တွင် စီးပွားဖြစ်စတင်လည်ပတ်ထုတ်လုပ်နိုင်မည့်အခြေအနေအား ကွင်းဆင်းစစ်ဆေး၍ ရင်းနှီး မြှုပ်နှံသူ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

(၇/၂၀၂၄) ကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၀၉ : ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ် ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃) ခုတို့ကို အတည်ပြုပေး ခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ် ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေ ကျပ် ၁,၂၁၀.၀၀၀ သန်းနှင့် အမေရိကန်‌ ဒေါ်လာ ၂.၇၀၄ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၁,၄၉၁) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၄)ခု၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ စက္ကူပုံးနှင့်စက္ကူကတ်ထူပြားများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းနှင့် ခွန်အားဖြည့် အချိုရည်၊ အချိုရည်အမျိုးမျိုးထုတ်လုပ်၍ ပြည်တွင်း၌ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသောစက်ရုံများသို့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ တွင် စီးပွားဖြစ်စတင်လည်ပတ်ထုတ်လုပ်နိုင်မည့်အခြေအနေများအား ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများလိုက်နာဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၏ကနဦးကုန်ကြမ်း တင်သွင်းမည့်အခြေအနေအားလည်းကောင်း၊ အလုပ်သမားတိုင်ကြားမှုနှင့်ပတ်သက်၍ လှိုင်သာယာ(‌အရှေ့ပိုင်း)မြို့နယ်ရှိ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေသည့်အခြေအနေများအားလည်းကောင်း၊ အတည်ပြုမိန့်ရယူရန်လျှောက်ထားလာသော CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၏ မြေပြင်အခြေအနေများအားလည်းကောင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏တာဝန်ဝတ္တရားများလိုက်နာဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင်တွေ့ကြုံရသည့်အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ‌ရွှေပြည်သာ မြို့နယ်ရှိ CMP စနစ်ဖြင့် အရုပ်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံ၏ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေ၊ အတည်ပြုမိန့်ရယူရန် လျှောက်ထားလာသော CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ် လုပ်ခြင်းလုပ်ငန်း၏ မြေပြင်အခြေ အနေများအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်ရှိ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်း နှင့် မင်္ဂလာဒုံ မြို့နယ် ရှိ သောက်ရေသန့် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့၏ ကနဦးကုန်ကြမ်း တင်သွင်းမည့် အခြေအနေ၊ စီးပွားဖြစ် စတင်လည်ပတ် ထုတ်လုပ်မည့် အခြေအနေ တို့အား လည်းကောင်း၊ အတည်ပြုမိန့်ရယူရန် လျှောက်ထားလာသော သွပ်နန်းကြိုး၊ သံပိုက်နှင့် ကြမ်းခင်းပြား ထုတ်လုပ် ခြင်းလုပ်ငန်း နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၏ မြေပြင်အခြေအနေများအား လည်းကောင်း ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီး မြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ