ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးနှင့် စက်မှုချိတ်ဆက်ဆောင်ရွက်ရေးဆွေးနွေးပွဲ -၂၀၂၄ ကို Wyndham Grand Yangon Hotel ၌ ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စကားဝိုင်းဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးသည့်ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းရှင်များ စုစုပေါင်း ၂၇၂ ဦး တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၊ အတွင်းရေးမှူး ဦးမျိုးခိုင်ဦးက ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီး မြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေးဆောင်ရွက်ချက်များအား ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ “ရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေခြင်း” ဆွေးနွေးပွဲ စကားဝိုင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြိုးပွင့်ဟန်၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကို၊ Yoma Bank မှ Chief Business Banking Officer, Mr. Gerald Loh, Myantex Industrial Co., Ltd. and Myanto Industrial Co., Ltd. မှ Director, Mr. Guo Zhengshui နှင့် Yangon Nadia Pacific Clothing Co., Ltd. မှ Director, Mr. Kim Tae Hyun တို့ကလည်းကောင်း၊ “ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုချိတ်ဆက်ဆောင်ရွက်ခြင်း” စကားဝိုင်း ဆွေးနွေးပွဲ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာအောင်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်သူများအသင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုလေး၊ Wedtex Group မှ President, Mr. Jack Wang နှင့် Hansae Myanmar Co., Ltd. မှ Executive Manager, Mr. Mun Jun Ho တို့ကလည်းကောင်း ဆွေးနွေးပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်က Moderator အဖြစ် ဆောင်ရွက်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် ဦးမျိုးမြင့်အောင်က နိဂုံးချုပ်စကား ပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသည့် အထူးဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ပါဝင်ဆွေးနွေး ကြသူများ၊ လုပ်ငန်းရှင်များက အချင်းချင်းစီးပွားမိတ်ဆက် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို နေ့လယ်စာ သုံးဆောင်ရင်းဖြင့် ဆောင်ရွက်ကြပြီး မွန်းလွဲ ၁၄း၀၀ နာရီခန့်တွင် အခမ်းအနားပြီးမြောက်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက
အဖွင့်အမှာစကား ပြောကြားခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ရန်ကုန်တိုင်းဒေသကြီး ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခြင်း

အခမ်းအနားကျင်းပခြင်း

အခမ်းအနားကျင်းပခြင်း