YIF 2019 ၏ Satisfaction Survey အတွက် ဆွေးနွေးခြင်း

၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော Yangon Investment Forum 2019 ၏ Satisfaction Survey အတွက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးမျိုးခိုင်ဦးနှင့် လူငယ်စွန့်ဦးတီထွင် အသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း၊  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင် နော်ပန်းသဉ္ဇာမျိုး နှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်းရှိ Jiu Sheng (Myanmar) Knitted Wear Co., Ltd သို့ ၂၀၁၉ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် သွားရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင် နော်ပန်းသဉ္ဇာမျိုး နှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ မြို့နယ် အတွင်းရှိ Lucky Fortune  Company Limited  သို့ ၂၀၁၉ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် သွားရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင် နော်ပန်းသဉ္ဇာမျိုး နှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ မြို့နယ် အတွင်းရှိ P & S Union Group Limited   သို့  ၂၀၁၉ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် သွားရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။