ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

၁၈.၃.၂၀၁၉ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၅)၊ အနော်ရထာလမ်း၊ အမှတ်(၁၉၇)တွင် ဇာထိုးပန်းထိုးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Min Tax (Myanmar Co. Ltd)စက်ရုံသို ့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ ၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့၏ အဖွဲ့ဝင်များသွားရောက် ခဲ့ကြပြီး စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခြင်းနှင့် အလုပ် လုပ်ကိုင်နေကြသော ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းဆောင်ရွက်ခဲ့ကြပါတယ်။ စက်ရုံတွင် ဝန်ထမ်း ၂၅၀၀ ကျော်ရှိပြီး၊ တစ်နှစ်လျင် ထုတ်ကုန် အမေရိကန်ဒေါ်လာ ၂ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး ပြင်သစ်၊စပိန်၊မက္ကဆီကို နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။