ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် စစ်ဆေးရေးအဖွဲ့သည် တောင်ဥက္ကလာပစက်မှုဇုန်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ ရန်ကုန်တိုင်းဒေကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် Dicayangonregion မှ ဦးစီးအရာရှိ ဦးမျိုးမင်းသည် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်… ၂၈.၂.၂၀၁၉

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၄/၂၀၁၉ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနား

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၏ (၄/၂၀၁၉) ကြိမ်မြောက် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၆၁) တွင် အဆင့် ၃ ရရှိခဲ့သော ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ စာရင်းကိုင်(၄) ဒေါ်ဂျီခေါမျှော်အား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆု၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး လက်စွဲစာအုပ်အား မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့သည့် ဘာသာပြန်အဖွဲ့တို့ကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။

လုပ်ငန်းရှင်အား အတွင်းရေးမှူးက အတည်ပြုမိန့် ပေးအပ်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာတင်ပြလာသော လုပ်ငန်းရှင်အား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌကိုယ်စား အတွင်းရေးမှူးက အတည်ပြု မိန့် ပေးအပ်ခဲ့ပါတယ် ၂၈.၂.၂၀၁၉