ကြေညာချက်

ယနေ့သည် ကုမ္ပဏီဟောင်းများ MyCO တွင် ပြန်လည်မှတ်ပုံတင်ရမည့် နောက်ဆုံးနေ့ဖြစ်ပါသဖြင့် DICA သို့လာရောက်ဆောင်ရွက်လိုသူများအတွက် ဝန်ထမ်းများက ည ၈ နာရီအထိ အချိန်ပိုဆင်းဆောင်ရွက်ပေးပါမည်။ ၃၁.၁.၂၀၁၉

INVEST MYANMAR SUMMIT 2019 အခမ်းအနားဒုတိယနေ့ကျင်းပခြင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏အစီအစဉ်ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Invest Myanmar Summit 2019 ဒုတိယနေ့ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဒုတိယနေ့ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရနှင့် ဝန်ကြီးဌာနအသစ်၏ မူဝါဒများကို ဆွေးနွေးသည့်စကားဝိုင်းနှင့် စတင်ခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးအောင်နိုင်ဦးမှ “The reforms, outcome and the update of investment environment for Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး…

တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ သတ်မှတ်ချိန်အတွင်းပြန်လည်မှတ်ပုံတင်နိုင်ရန် တိုက်တွန်းနှိုးဆော်ခြင်

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ မတိုင်မီကမှတ်ပုံတင်ထားခဲ့ကြသော ကုမ္ပဏီများ နှင့်အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကျင့်သုံး ဆောင်ရွက်သည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင်၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လကာလအတွင်း သတ်မှတ်ပုံစံ နည်းလမ်းများအတိုင်း ပြန်လည်မှတ်ပုံတင်ကြရန် အသိပေးပြီးဖြစ်ပါသည်။ ယခုအခါ ပြန်လည်မှတ်ပုံတင်ရန်ကာလ ကုန်ဆုံးရန် ၁ ရက်သာ ကျန်ရှိပါသဖြင့် အဆိုပါ ကုမ္ပဏီ များနှင့်အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြန်လည်မှတ်ပုံတင် ဆောင်ရွက် နိုင်ကြပါရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်

Invest Myanmar Summit 2019 တွင်နိုင်ငံတကာနှင့် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများအား ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တွေ့ဆုုံပြီး ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါတယ် ၂၈.၁.၂၀၁၉

Invest Myanmar Summit 2019

Invest Myanmar Summit 2019 တွင် နိုင်ငံတကာနှင့် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများအား ရန်ကုန်တိုင်း ဒေသကြီး၏ စီးပွားရေး အလားအလာ ကောင်းများကို ဦးတည်ခင်းကျင်းပြသခြင်း နှင့် ကဏ္ဍအလိုက် ဆောင်ရွက်မည့် စီမံကိန်းများကို ဆွေးနွေးပြောကြားသည့် “Project Discussion Sessions” များ ပြုလုပ်ခဲ့ပါ တယ်။ ၂၈.၁.၂၀၁၉

INVEST MYANMAR SUMMIT 2019 ကျင်းပခြင်းအခမ်းအနား

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကြီးမှူး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏အစီအစဉ်ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသိရှိနိုင်မည့်အပြင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရင်းနှီးစွာတွေ့ဆုံနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် Invest Myanmar Summit 2019 ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများနှင့် စတင်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ…

တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ သတ်မှတ်ချိန်အတွင်းပြန်လည်မှတ်ပုံတင်နိုင်ရန် တိုက်တွန်းနှိုးဆော်ခြင်း

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ မတိုင်မီကမှတ်ပုံတင်ထားခဲ့ကြသော ကုမ္ပဏီများ နှင့်အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကျင့်သုံး ဆောင်ရွက်သည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင်၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လကာလအတွင်း သတ်မှတ်ပုံစံ နည်းလမ်းများအတိုင်း ပြန်လည်မှတ်ပုံတင်ကြရန် အသိပေးပြီးဖြစ်ပါသည်။ ယခုအခါ ပြန်လည်မှတ်ပုံတင်ရန်ကာလ ကုန်ဆုံးရန် ၃ ရက်သာ ကျန်ရှိပါသဖြင့် အဆိုပါ ကုမ္ပဏီ များနှင့်အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြန်လည်မှတ်ပုံတင် ဆောင်ရွက် နိုင်ကြပါရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန