အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ (၂၄/၂၀၁၈)ကြိမ်မြောက် အစည်းအဝေး

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များ အပေါ်ဆွေးနွေး စိစစ်မှု ပြုရန်အတွက် အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ (၂၄/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးအား တက်ရောက်ခဲ့ပါတယ်

“စီးပွားရေးစကားဝိုင်း“ သတင်းပေးကြေညာချက်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက် အလက်တွေကို လေ့လာချင်တဲ့သူတွေအတွက် သတင်းလေး ပေးပါရစေ။ (၂၀.၈.၂၀၁၈) ရက်နေ့ တနင်္လာနေ့မှ (၂၂.၈.၂၀၁၈) ရက်နေ့ ဗုဒ္ဓဟူးနေ့ထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား #MRTV မှာ ည ၈ နာရီ သတင်းကြေငြာပြီးသည့် အချိန်များတွင် ထုတ်လွှင့်မည့် စီးပွားရေးစကားဝိုင်း အစီအစဉ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဌေးချွန်၊ ဦးအေးလွင်၊ တွဲဖက် အတွင်းရေးမှူး ဒေါ်မြသူဇာနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်တို့ ပါဝင်ဆွေးနွေးကြတဲ့ “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ” အစီအစဉ် ထုတ်လွှင့်ပြသမှာ ဖြစ်လို့ လေ့လာ ကြည့်ရှုနိုင်ကြစေရန် လေးစားစွာဖြင့်…

Asian Development Bank (ADB)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

Investment Actualization Support ( IAS ) အတွက် ပေးမည့် Technical Assistance နှင့်ပတ်သတ်ပြီး Asian Development Bank(ADB) မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါတယ် ၂၀.၈.၂၀၁၈