မေတ္တာရပ်ခံခြင်း

၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အာဏာသက်ရောက်သည့် မြန်မာနိုင်ငံ ကုမ္ပဏီ များ ဥပဒေသစ်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် Myanmar Companies Online (MyCO) စနစ်ဖြင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းများ ယနေ့မှ စတင်၍ဆောင်ရွက်လျက်ရှိကြရာ www.myco.dica.gov.mm သို့ ဝင်ရောက်လေ့လာသူများ များပြားလျက်ရှိသဖြင့် နောက်နာရီအနည်းငယ်ကြာမှ MyCO စနစ်သို့ ပြန်လည်ဝင်ရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ MyCO အသုံးပြုသူများအနေဖြင့် အချိန် အနည်းငယ်ဖြင့် မြန်ဆန်စွာအသုံးပြုနိုင်ပါရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း လေးစားစွာ အသိပေး အပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန  

Yangon Xie Hui Shoes Industry Co., Ltd နှင့် တွေ့ဆုံဆွေးနွေးခြင်​း

Yangon Xie Hui Shoes Industry Co., Ltd ၏ ရှူးဖိနပ်​ထုတ်​လုပ်​ခြင်းလုပ်​ငန်းအား အတည်​ပြု​လျောက်​ထားလွှာတင်​ပြနိုင်​​ရေး ​ဆွေး​နွေးခဲ့ပါတယ်​ ၃၁.၇.၂၀၁၈  

ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေး ဦးစီးဌာန၏ ခရိုင်​ရုံးသစ်​ဖွင့်ပွဲ ကို တက်​​ရောက်​ခြင်​း

ပတ်​ဝန်းကျင်​ထိန်းသိမ်းရေး ဦးစီးဌာန၏ ခရိုင်​ရုံးသစ်​ဖွင့်ပွဲ ကို တက်​​ရောက်​ခဲ့ပါတယ်​ ၃၁.၇.၂၀၁၈

ရန်​ကုန်​တိုင်း​ဒေသကြီး ရင်းနှီးမြှုပ်​နှံမှု​ကော်​မတီသို့ အတည်​ပြု​လျောက်​ထားလွှာ တင်​ပြလိုသည့် လုပ်​ငန်းရှင်​များ နှင့် တွေ့ဆုံဆွေးနွေးခြင်း

ရင်းနှီးမြှုပ်​နှံမှု မြှင့်တင်​နိုင်​​ရေးအတွက်​ ရန်​ကုန်​တိုင်းဒေသကြီး ရင်းနှီးမြှုပ်​နှံမှု​ကော်​မတီသို့ အတည်​ပြု​လျောက်​ထားလွှာ တင်​ပြလိုသည့် လုပ်​ငန်းရှင်​များ၏ လုပ်​ငန်း​ဆောင်ရွက်​မည့် ​နေရာများသို့ သွား​ရောက်​ပြီး လိုအပ်​သည်​များကို ရှင်းလင်းဆွေး​နွေး​ပေးခဲ့ပါတယ်​ ၃၁.၇.၂၀၁၈  

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့် အီလက်ထရောနစ်မှတ်ပုံတင်စနစ် ထုတ်လွှင့်ကြောင်း ကြေညာခြင်းအခမ်းအနား

၂၀၁၈ ခုနှစ် သြဂုတ် လ ၁ ရက်နေ့သည် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်တစ်ခုလုံး ထူးခြားစွာ ပြောင်းလဲမှုစတင်မည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအတွက် အခြေခံကျသည့် ဥပဒေမူဘောင် တစ်ခုဖြစ်သော မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၂၀၁၇ သည် မနက်ဖြန် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင် အာဏာတည်မည်ဖြစ်သဖြင့် ယင်းဥပဒေအာဏာစတင်တည်မည့် အထိမ်းအမှတ် ကြေညာခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၊ Melia Hotel ၌ ကျင်းပ ပြုလုပ်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်…

အမိန့်ကြော်ငြာစာ အမှတ် ( ၆၃/၂၀၁၈)

အမိန့်ကြော်ငြာစာ အမှတ် ( ၆၃/၂၀၁၈) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ အီလက်ထရောနစ်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းမပြုသည့် ကုမ္ပဏီမှတ်ပုံတင်မှုအတွက် သီးခြားဝန်ဆောင်ခ သတ်မှတ်ခြင်း  

ညွှန်ကြားရေးမှူး ချုပ်မှ MyCO ဝန်ဆောင်မှုဌာနအား ကြည့်ရှုစစ်ဆေး

၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အာဏာ သက်ရောက်မည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် Myanmar Companies Online (MyCO) စနစ်ဖြင့် ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ကုမ္ပဏီရုံးနှင့် ဆက်သွယ် ​ဆောင်ရွက်ခြင်း၊ MyCO အား အသုံး ပြုခြင်း စသည်တို့ကို အကျွမ်းတဝင် ရှိစေရေးအတွက် အများပြည်သူအား ဝန်ဆောင်မှု ပေးနိုင်ရန် ဖွင့်လှစ်ထားရှိမည့် MyCO ဝန်ဆောင်မှုဌာန ကြိုတင်ပြင်ဆင်နေမှုများကို ညွှန်ကြားရေးမှူးချုပ်မှ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။