မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၀ / ၂၀၁၈) ကြိမ်မြောက် အစည်းအဝေး

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁၀ / ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပါတယ် ၂၆.၇.၂၀၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲသို့တက်ရောက်

၂၉.၇.၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲသို့တက်ရောက်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ လမ်းညွှန်မှုခံယူခဲ့ပါသည်

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

၂၇.၇.၂၀၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို တက်ရောက်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ၂၆.၇.၂၀၁၈

Cost of Doing Business in Myanmar – Survey Report 2018

Cost of Doing Business in Myanmar – Survey Report 2018 စာအုပ်အား အောက်ပါ Download Link တွင် ရယူနိုင်ပါသည်- cost_of_doing_business_in_myanmar_survey_report2018 ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျောက်ထားလွှာတင်ပြလာသော လုပ်ငန်းရှင်အား ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌကိုယ်စား အတွင်းရေးမှူးက အတည်ပြု မိန့် ပေးအပ်ခဲ့ပါတယ်

မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျောက်ထားလွှာတင်ပြလာသော လုပ်ငန်းရှင်အား ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌကိုယ်စား အတွင်းရေးမှူးက အတည်ပြု မိန့် ပေးအပ်ခဲ့ပါတယ် ၂၆.၇.၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ ရနိကုန်တိုင်းအတွင်းရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် ရနိကုန်တိုင်းအတွင်းရင်းနှီးမြှုပ်နှံသူများ၏ တင်ပြချက်များအား တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်    

၂၀၁၈ ခုနှစ် ​​ဇူလိုင်​လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်​များမှ​ PWC myanmar မှ ကိုယ်​စားလှယ်​များနှင့်​တွေ့ဆုံဆွေးနွေးခြင်း

၂၀၁၈ ခုနှစ် ဇူလိုင် လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင် များသည် PWC myanmar မှ ကိုယ် စားလှယ် များနှင့် တွေ့ဆုံပြီး Doing Business in Yangon စာအုပ် ထုတ်ဝေနိုင် ရေး ဆွေး နွေးခဲ့ကြပါတယ်

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁၀/၂၀၁၈) ကြိမ်မြောက်အစည်းအဝေး

၂၀၁၈ ခုနှစ် ​​ဇူလိုင်​လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သောရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (၁၀/၂၀၁၈) ကြိမ်မြောက်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်း ၄ခုနှင့် မြန်​မာနိုင်​ငံသားရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်း ၁ခု တို့ကို အတည်ပြု ​ပေးခဲ့ပါတယ်။ အဆိုပါ ရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်းများ၏ မတည်​​ငွေရင်းပမာဏ စုစု​ပေါင်းမှာ အ​မေရိကန်​​ဒေါ်လာ ၁၀.၁၂၂ သန်းနှင့် မြန်​မာကျပ်​​ငွေ သန်းပေါင်း၆၀၀၀ ဖြစ်​ပြီး ပြည်​တွင်းအလုပ်​အကိုင်​အခွင့်အလမ်း ၁၉၃၀ ဦးအတွက်​ ဖန်​တီး​ပေးနိုင်​မှာဖြစ်​ပါတယ်​။

ကုမ္ပဏီများအတွက်ကြေငြာချက်

၁။        ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးဖြစ်သော ကုမ္ပဏီ အားလုံး (စာရင်းရှင်းလင်းဖျက်သိမ်းပြီးသောကုမ္ပဏီများမှအပ) သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ပြန်လည် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် ပုံစံများကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ website (www.dica.gov.mm) တွင် ရယူကြည့်ရှုနိုင်ပါကြောင်းနှင့် ပြန်လည်မှတ်ပုံတင်ခြင်းကို မြန်မာကုမ္ပဏီ အွန်လိုင်းမှတ်ပုံတင် (Myanmar Companies Online Registry-MyCO) www.myco.dica.gov.mm တွင် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်နိုင်ပါသည်။ ၂။         ပြန်လည်မှတ်ပုံတင်ရာတွင် ပြောင်းလဲမှုများ ဆောင်ရွက်လိုသည့် ကုမ္ပဏီများသည် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည် – (က)    …