ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရေးနှင့်စပ်လျဉ်း၍ တတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းကိစ္စ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရေးနှင့်စပ်လျဉ်း၍ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊  ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်စုစုပေါင်း (၁၅) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။  

အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ (၁၈/၂၀၁၈)ကြိမ်မြောက် အစည်းအဝေး

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ်ဆွေးနွေးစိစစ်မှုပြုရန်အတွက် အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ (၁၈/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးအား တက်​​ရောက်​ခြင်း ၉.၇.၂၀၁၈  

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၈) တွင် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၈) တွင် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့်တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉  ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန် ချက်(၉/၂၀၁၈)အား ဖြန့်ဝေခဲ့ပါသည်။ အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ( ၂၃ )ခုမှ သတင်းထောက်(၂၆) ဦး တက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်းရယူခဲ့ကြပါသည်။

အမိန့်ကြော်ငြာစာ အမှတ်(၅၇/၂၀၁၈)

အမိန့်ကြော်ငြာစာ အမှတ်(၅၇/၂၀၁၈) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇) အရ သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေနှင့် နှောင့်နှေးသည့် ပေးပို့တင်ပြခြင်းအတွက် နောက်ကျကြေး