Coronavirus Disease 2019 ( COVID-19) သက်ရောက်မှုကာလတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ခွင့်ပြုနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး အားVideo Conferencing စနစ်ဖြင့် ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်မေလ ၂၇ရက်နေ့ နံနက် ၁၀၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များမှ Video Conferencing စနစ်ကို အသုံးပြု၍ပါဝင်ဆွေးနွေးခဲ့ကြပါသည်။  အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁) ခုတို့ကိုအတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဆန်ဖြင့်ပြုလုပ်သော မုန့်အမျိုးမျိုး (ဆန်ကွတ်ကီး၊ ဆန်ဘီစကစ်၊ ဆန်ခရက်ကာ စသည်ဖြင့်) ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ပါဝင်ပါသည်။ အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏစုစုပေါင်းမှာအမေရိကန်ဒေါ်လာ၄.၈၂၀ သန်း နှင့် မြန်မာကျပ်ငွေ…

Read more

Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် စက်ရုံများ စနစ်တကျလည်ပတ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ  ဥက္ကဌ ဉီးဖြိုးမင်းသိန်း ဦးဆောင်ပြီး၊  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ Tsang Yih Co., Ltd. သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဒေါ်မိုးမိုးစုကြည် ဉီးဆောင်ပြီး သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ YJ Co., Ltd. သို့ လည်းကောင်း၊ ၂၀၂၀ပြည့်နှစ် မေလ ၁၆ ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏  Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍…

Read more

Corona Virus Disease 2019 ( COVID-19) သက်ရောက်မှုကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ခွင့်ပြုနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ပြည့်နှစ်မေလ ၁၃ရက်နေ့ နံနက် ၁၀၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။  အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ နှင့် ဝန်ဆောင်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်ဖြင့် ဆောင်ရွက်မည့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ Separating, Sorting, packaging, export and local…

Read more

ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid – 19 ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး တိုင်းဒေသကြီးအဆင့် Corona Virus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ၁၂ .၅ .၂၀၂၀ ရက်နေ့နံနက် ၁၀ နာရီ အချိန်တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၃)၌ လှိုင်သာယာမြို့နယ်ရှိ စက်ရုံများ၊ ရပ်ကွက်များ နှင့် တာမွေမြို့နယ်များတွင် ကျန်းမာရေးစစ်တမ်းကောက် ယူရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid – 19 ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး တိုင်းဒေသကြီးအဆင့် Corona Virus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။

Read more

Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါဖြစ်ပွားနေသော ကာလအတွင်း စက်ရုံများ စနစ်တကျလည်ပတ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နော်ပန်းသဉ္ဇာမျိုးနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ Myanmar Innocook Grain Co., Ltd သို့ ၂၀၂၀ပြည့်နှစ် မေလ ၈ ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့် အချက်များကို ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ခေါက်ဆွဲများ ပုံမှန်လည်ပတ်ထုတ်လုပ်ပြီး နိုင်ငံခြားတင်ပို့နိုင်မှု အခြေအနေများ၊ ဌာနဆိုင်ရာများမှ ဖြည့်ဆည်းပေးရန်လိုအပ်သည့် အချက်များကို ပေါင်းစပ်ညှိနှိုင်း…

Read more

ဝန်ဆောင်မှုစရိတ်နှုန်းထားများ လျှော့ချကောက်ခံခြင်း ကြေညာချက်

✅ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ကမ္ဘာ့နိုင်ငံအများစုတွင် ကိုရိုနာဗိုင်းရပ်စ် (Corona Virus-COVID 19) ကူးစက်ပြန့်ပွားနေမှုကြောင့် မြန်မာနိုင်ငံအတွင်းဝင်ရောက်လာမည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ အတည်ပြုမိန့်နှင့် ခွင့်ပြုမိန်ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အသုံးစရိတ်များလျော့ကျပြီး လုပ်ငန်းများ ပိုမို အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် ၂၀၂၀ ပြည့်နှင့် ဧပြီလ (၂၀) ရက်နေ့မှစ၍ မူလဝန်ဆောင် စရိတ်နှုန်းထား၏ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချ၍ လျှောက်ထားလွှာနှင့် ဝန်ဆောင်စရိတ်နှုန်းထားများအား အောက်ပါအတိုင်း ပြင်ဆင်သက်မှတ်လိုက်ပါသည်။ ✅ ဖော်ပြပါ ပြင်ဆင်သက်မှတ်ချက်များသည် COVID-19 ရောဂါ ဖြစ်ပွားနေမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ ကြေညာချက်များအရ သက်ရောက်မှုရှိသည့် ကာလအထိသာ အကျုံးဝင်မည်ဖြစ်ပြီး အဆိုပါကာလ ကုန်ဆုံးပါက လျှောက်ထားလွှာနှင့် ဝန်ဆောင်စရိတ်နှုန်းထားများအား ပြန်လည်ပြင်ဆင်သက်မှတ် ကြေညာသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

Read more

Coronavirus Disease 2019 ( COVID-19) သက်ရောက်မှုကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ခွင့်ပြုနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး အား Video Conferencing စနစ်ဖြင့် ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့  ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊  ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။  အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဟောင်ကောင် တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၄) ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု (၁)ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်း များတွင် CMP စနစ်ဖြင့် ဆောင်ရွက်မည့်အိတ်ချုပ်လုပ်ငန်းများ၊…

Read more

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးများအား Microsoft Team Software အသုံးပြုပြီး video conferencing ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခြင်း

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် Coronavirus disease 2019 (COVID-19) ပျံ့ပွား ကူးစက်လျက်ရှိသောကြောင့် အစိုးရဌာနများအနေဖြင့် ပြည်သူများထံသို့ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများတွင် လူလူချင်းထိတွေ့မှုများ လျော့ချနိုင်ရေး၊ ဗိုင်းရပ်စ်ပိုးကူးစက်မှုများအား ကာကွယ်နိုင်ရေးနှင့် နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုများအား ဆက်လက်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးများအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း Microsoft Team Software အသုံးပြုပြီး Video Conferencing ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

Read more