ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ

ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် စီးပွားရေး တိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အကျိုးရှိရှိ ဖော်ထုတ်အသုံးချနိုင်စေရန်တို့အတွက် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လျက် ရှိပါသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ
စိုက်ပျိုးရေးကဏ္ဍ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကြွယ်ဝပေါများသည့် ရေအရင်း အမြစ်နှင့် အလားအလာ ကောင်းသည့် မြေလွတ်မြေရိုင်းများစွာ ရှိပါသည်။ ၂၀၁၆–၂၀၁၇ ခုနှစ် လယ်ယာမြေစာရင်းအင်းဌာနစာရင်းများအရ စုစုပေါင်းမြေအကျယ် အဝန်း၏(၂၉၇၄၅၇၉၉ ဧက) (၁၂.၀၁) ဟက်တာသန်းအား စိုက်ပျိုးရေးအတွက် အသုံးပြု ခဲ့ကြောင်း တွေ့ရှိရပါ သည်။မြန်မာနိုင်ငံတွင် မတူညီသည့် ရေမြေတောတောင် ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များအတွက် သာမက ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် များကဲ့သို့သော ရာသီသီးနှံများပါ အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် သမားရိုးကျစိုက်ပျိုးသည့်စနစ်မှ ထုတ်လုပ်မှု အားကောင်းပြီး ရေရှည် အကျိုးရှိဖြစ်ထွန်းသည့် စိုက်ပျိုးရေးအခြေခံစီးပွားရေးစနစ်သို့ ကူးပြောင်းရာတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်လာစေရန်အတွက် ရည်ရွယ် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ရည်မှန်းချက် အောင်မြင်စေရန်အတွက် လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ် စွမ်းအား (ဥပမာ- ကောင်းမွန်သည့် ဆည်မြောင်း စနစ်ရှိခြင်း၊ မျိုးကောင်း မျိုးသန့်မျိုးစေ့နှင့် နည်းပညာများ)နှင့် အရည် အသွေး (ဥပမာ- မျိုးစေ့အရည် အသွေး၊ ရိတ်သိမ်းချိန်လွန်လုပ်ငန်းစဉ်များ) လိုအပ်လျက်ရှိပါသည်။

စိုက်ပျိုးရေးကဏ္ဍ အဓိကအခွင့်အလမ်းများ
လယ်ယာစိုက်ပျိုးရေးသွင်းအားစုဆိုင်ရာလုပ်ငန်းများ
  • ကျေးလက်နေပြည်သူများအတွက် စရိတ်သက်သာသည့်ဆည်မြောင်းစနစ်များ ဖြန့်ဖြူးလုပ်ဆောင်ပေးခြင်း၊(ဥပမာ-ဆိုလာစွမ်းအင်ဖြင့်လည်ပတ် မောင်းနှင်သည့်စနစ်)
  • စိုက်ပျိုးရေးစက်ပစ္စည်းနှင့်ကိရိယာများဌားရမ်းပေးခြင်း၊
  • ဆန်စပါး အထွက်တိုးစေရေးအတွက် အဆင့်မြင့်မျိုးစေ့များဖြန့်ဖြူးပေးခြင်း၊ (ဥပမာ- မြန်မာ့စိုက်ပျိုးရေးဘဏ်နှင့်ပူးပေါင်း၍ တောင်သူလယ်သမားများအားမျိုးကောင်း မျိုးသန့် မျိုးစေ့များ စိုက်ပျိုးနိုင်ရေးအတွက် အားပေး လုပ်ဆောင်ခြင်း)
  • ဓါတ်မြေသြဇာ ထုတ်လုပ်ခြင်းနှင့် သီးနှံကာကွယ်ရေးဆိုင်ရာ ဓါတုပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများတည်ထောင်ခြင်း၊
ထုတ်လုပ်မှုနှင့် စျေးကွက်ဖွံ့ဖြိုးရေး
  • ကန်ထရိုက်လယ်ယာစနစ် (ဥပမာ- ကျေးလက်နေပြည်သူများနှင့် စီးပွားရေး သဘောတူ စာချုပ် ချုပ်ဆို လုပ်ကိုင် ခြင်း)
  • တန်ဘိုးမြှင့်လယ်ယာထွက်ကုန်ပစ္စည်းများထုတ်လုပ်ခြင်း/ ဒေသထွက်ကုန်များ (ဥပမာ- မြေပဲ၊ နှမ်း)ကိုအခြေခံသည့် ထုတ်လုပ်မှုများ လုပ်ဆောင်ခြင်း၊
  • လယ်ယာထွက်ကုန်ပစ္စည်းများ ထုတ်ပိုးခြင်းနှင့်စည်သွတ်ဗူးထုတ်လုပ်မှုလုပ်ငန်းများ ထူထောင်ခြင်း၊
စိုက်ပျိုးရေးနှင့်ဆက်စပ်သည့်ဝန်ဆောင်မှုလုပ်ငန်းများ
  • သုတေသနနှင့်လေ့ကျင့်ရေးသင်တန်းကျောင်းများထူထောင်ခြင်း/ စုပေါင်းလယ်ယာစနစ်အတွက် စံပြစိုက်ခင်းများဖော်ထုတ်ခြင်း၊ ရာသီအလိုက် သီးနှံများ စဉ်ဆက်မပြတ်စိုက်ပျိုးခြင်း၊ မြေသြဇာအသုံးပြုခြင်း၊ အော်ဂဲနစ် စိုက်ပျိုးရေး၊
  • သိုလှောင်ရုံနှင့် အအေးခန်းများတည်ဆောက်ခြင်း
  • တောင်သူလယ်သမားများအတွက် အသေးစားချေးငွေ၊ အာမခံနှင့် ကုန်သွယ်မှုဆိုင်ရာငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ
ပင်လယ်ရေထွက်နှင့် သားငါးကဏ္ဍ

မြန်မာနိုင်ငံ၏ကမ်းရိုးတန်းသည် (၂၈၃၂) ကီလိုမီတာရှည်လျားပြီး ဘင်္ဂလားပင်လယ်အော်၊ မုတ္တမ ပင်လယ်ကွေ့တို့နှင့် ဆက်စပ်လျက်ရှိရာ ကမ်းရိုးတန်းဒေသ (အထူးသဖြင့် ရခိုင်ပြည်နယ်)နေ ပြည်သူများအတွက် ရေထွက်နှင့်သားငါးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းသည် အရေးပါသည့် အခွင့် အလမ်းများဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် မြန်မာ့ရေပြင်အနည်းငယ်ကိုသာ ငါးဖမ်းလုပ်ငန်းအတွက် အကျိုးရှိရှိ သုံးစွဲလျက် ရှိပြီး ၂၀၁၆-၂၀၁၇ ခုနှစ် ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်း များအရ ငါးနှင့်ရေထွက်လုပ်ငန်းအတွက် ရေချိုငါးကန် ဧကပေါင်း (၄၈၉၃၉၂ )ဟက်တာပေါင်း (၅၀,၀၀၀) ဖြင့် လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်း များအရ ၁၉၉၄ခုနှစ်မှ ၂၀၁၄ ခုနှစ်ကာလအတွင်း ပင်လယ်ရေထွက်ပစ္စည်း ထုတ်လုပ်မှုပမာဏ (၈)ဆခန့်တိုးတက်လာခြင်းကလည်း သားငါး ကဏ္ဍသည် မြန်မာ့စီးပွားရေးတွင် အလားအလာ ရှိသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း သက်သေတစ်ခုပင်ဖြစ်ပါသည်။ ထို့ကြောင့် ကမ်းနီး၊ ကမ်းဝေး ရေထွက် နှင့်သားငါးမွေးမြူထုတ်လုပ်ခြင်း ကဏ္ဍ (ဥပမာ-ရေချိုငါးမွေးမြူရေး၊ မြစ်ချောင်းစနစ်၊ ရေထွက် ပစ္စည်းမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ) သည် အလားအလာများ စွာရှိပါသည်။

သားငါးကဏ္ဍ၌ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင် ဆောင်ရွက် နိုင်ပါသည်။ ယခု အချိန်၌ မြန်မာ့သားငါးထုတ်ကုန်များကို ဥရောပသမဂ္ဂနိုင်ငံများသို့ တရားဝင်လွတ်လပ်စွာ တင်ပို့ရောင်းချနိုင်ပြီဖြစ်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs) နည်းတူ အကောက်ခွန်ဆိုင်ရာ ကင်းလွတ်ခွင့် အခွင့်အရေးများ ရရှိခံစားနိုင်ပြီ ဖြစ်ပါသည်။

ပင်လယ်ရေထွက်နှင့် သားငါးကဏ္ဍ အဓိကအခွင့်အလမ်းများ
  • ငါးမွေးမြူရေးဆိုင်ရာ ရေထွက်ပစ္စည်းထုတ်လုပ်ခြင်း
  • ရေချိုငါးနှင့် ပုဇွန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ
  • ငါးလုပ်ငန်းဆိုင်ရာအစားအစာထုတ်လုပ်ခြင်း
  • ငါးနှင့်ပင်လယ်ရေထွက်ပစ္စည်းထုတ်လုပ်ခြင်း
  • အအေးခန်း၊ စည်သွတ်ခြင်းနှင့် ထုတ်ပိုးခြင်းလုပ်ငန်းများ
  • သားငါးကဏ္ဍအတွက်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး ဆိုင်ရာ ပညာရေးနှင့် သုတေသန သင်တန်း ကျောင်းများ ထူထောင်ခြင်း
မြို့ပြဖွံ့ဖြိုးရေး

အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံရှိ လူဦးရေအများစုသည် ပညာရေး၊ အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှု အခွင့်အလမ်းများအရ ကျေးလက်မှမြို့ပြသို့ရွှေ့ပြောင်းနေထိုင်လျက်ရှိပါသည်။ အလားတူပင် လက်ရှိ မြို့ပြပုံစံသည် ပြည်တွင်း၊ပြည်ပစီးပွားရေး လုပ်ငန်းများအတွက် စိန်ခေါ်မှုများ ရှိလာသကဲ့သို့ အခွင့် အလမ်းများလည်းရှိလာပြီး ပြည်သူအများစုအတွက် နေထိုင်ရန် ကောင်းမွန်ပြည့်စုံ၍ ရေရှည် ဖွံ့ဖြိုးသည့် သဘာဝ ပတ်ဝန်းကျင်ရှိသည့်မြို့ပြတစ်ခု လိုအပ်လျက် ရှိပါသည်။

အလယ်အလတ်အဆင့် စားသုံးသူများအတွက် စားသုံးကုန်များ လိုအပ်ချက်မြင့်မားလာသကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများ (ဥပမာ-စားသောက်ဆိုင်၊ ဖျော်ဖြေရေးနှင့် ပညာရေး) လည်း လိုအပ်လျက်ရှိ ပါသည်။

မြို့ပြဖွံ့ဖြိုးရေး အဓိကအခွင့်အလမ်းများ
  • အိမ်ခြံမြေရောင်းဝယ်ရေးနှင့်ဆောက်လုပ်ရေး
  • ရန်ကုန်၊ မန္တလေးနှင့် ပြည်နယ်၊ တိုင်းဒေသကြီးများရှိ ဒုတိယမြို့တော်များ၌ တန်ဖိုးနည်း အိမ်ရာ ပရောဂျက်များ တည်ဆောက်ခြင်း
  • ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်းကိုလိုနီအဆောက်အဦများထိန်းသိမ်းမွမ်းမံခြင်း
  • မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းများ
    • မြို့ပြအစုအဖွဲ့အတွက် အများပိုင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတိုးတက်လာစေရေး လုပ်ငန်းတွင် ပါဝင် ရင်းနှီးမြှုပ်နှံခြင်း
    • ပန်းခြံ၊ ဖျော်ဖြေရေးနှင့် အနားယူအပန်းဖြေနေရာများတည်ဆောက်ခြင်
    • ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်း
    • ပုဂ္ဂလိကပညာရေးကျောင်းများ( ပုဂ္ဂလိကတက္ကသိုလ်များ၊ စီးပွားရေးသင်တန်း ကျောင်း များ၊ အသက်မွေး ဝမ်းကျောင်း သင်တန်းများ)
    • ယာဉ်လမ်းကြောထိန်းကျောင်းမှုစနစ်နှင့် ယာဉ်အန္တရာယ်ဘေးကင်းလုံခြုံမှုစနစ်များ
    • မြို့ပြရေဆိုးနှင့်အညစ်အကြေးစီမံခန့်ခွဲမှုစနစ်
    • ရေဆိုးနှင့်အညစ်အကြေးသန့်စင်ခြင်းစနစ်
    • စားသုံးကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးခြင်း
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍသည် အစိုးရသစ်လက်ထက် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကြောင့် လျင်မြန်စွာပြောင်းလဲခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်၌ လူဝင်မှု ကြီးကြပ်ရေး ဦးစီး ဌာန စာရင်းများအရ လေကြောင်းလမ်း၊ ရေကြောင်းလမ်းနှင့် နယ်စပ်ဂိတ်များမှ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုများ ၃၀၇၉၂၇၂ ဦးရှိပါသည်။

ယခုကာလ၌ နိုင်ငံခြားသားခရီးသွားဧည့်သည်များ (မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ် သူများ) အနေဖြင့် ရန်ကုန်၊ ပုဂံ၊ အင်းလေးကန်/ညောင်ရွှေနှင့် မန္တလေးမြို့များသို့ အများဆုံး လည်ပတ်ကြပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ သဘာဝ အလှအပများဖြင့်ပြည့်စုံသည့် တောင်ဘက်စွန်း ကော့သောင်းမှသည် မြန်မာနိုင်ငံမြောက်ဖျား ဟိမဝန္တာတောင်တန်းများ တည်ရှိရာ ပူတာအိုအထိ ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်နိုင်ရေးအတွက် ဖိတ်ခေါ်လျက် ရှိပါသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအား နိုင်ငံတကာအဆင့်မီတည်းခိုခန်း တည်ဆောက်ရေး လုပ်ငန်းများ၌ ငွေကြေး သုံးစွဲလုပ်ကိုင် ရန်ဖိတ်ခေါ်လျက်ရှိသကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံသူများကိုပါ ကြယ်သုံးပွင့် အဆင့် သို့မဟုတ် ၎င်းထက် အဆင့်မြင့်သည့် ဟိုတယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပါဝင် လာစေရန် ဖိတ်ခေါ်လျက်ရှိပါသည်။ နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် ခရီးသွားကုမ္ပဏီ၊ တန်ဖိုး နည်း ဟိုတယ်၊ အပန်းဖြေဥယျာဉ်၊ ခရီးသွားလုပ်ငန်း နှင့်ဆက်စပ်သည့် အခြေခံ အဆောက်အဦ ပရောဂျက်များ အား ဖက်စပ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် နိုင်ပါသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အဓိကအခွင့်အလမ်းများ
  • အလားအလာရှိသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများလေ့လာဖော်ထုတ်ခြင်း
  • သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေသည့်ခရီးသွားလုပ်ငန်းမျာ
  • (ခြေလျင်တောင်တက် ခရီးသွား လုပ်ငန်း များနှင့်ဆက်စပ်သည့်ဟိုတယ်လုပ်ငန်းများ)
  • ယဉ်ကျေးမှုနှင့် အမျိုးဘာသာအခြေခံသည့်ခရီးသွားလုပ်ငန်းများ (ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများဖွံ့ဖြိုးရေး)
လျှပ်စစ်ဓါတ်အားကဏ္ဍ

မြန်မာနိုင်ငံ၌ လျှပ်စစ်ဓါတ်အားဆိုင်ရာ အရင်းအမြစ်များ ကြွယ်ဝပေါများခြင်းသည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ သူများအတွက် အခွင့်အလမ်းတစ်ခုပင်ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ခုနှစ် Department of Electric Power Planning, Electric Power Generation Enterprise, —စာရင်းများအရ (၁၇၈၆၆.၉၉) မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။၂၀၃၀ ခုနှစ် မတိုင်မီ အမျိုးသား လျှပ်စစ်ဓါတ်အား သုံးစွဲမှု ရည်မှန်းချက် ပြည့်မီရေးအတွက် မြန်မာနိုင်ငံ၏လျှပ်စစ်ဓါတ်အား လိုအပ်ချက် ပမာဏသည် လက်ရှိထက် ၂ ဆခန့်တိုးတက်လာရန်ရှိပါသည်။

မြန်မာနိုင်ငံ၌ လျှပ်စစ်ဓါတ်အားဆိုင်ရာ အရင်းအမြစ်များ ကြွယ်ဝပေါများခြင်းသည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ သူများအတွက် အခွင့်အလမ်းတစ်ခုပင်ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ခုနှစ် Department of Electric Power Planning, Electric Power Generation Enterprise, —စာရင်းများအရ (၁၇၈၆၆.၉၉) မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။၂၀၃၀ ခုနှစ် မတိုင်မီ အမျိုးသား လျှပ်စစ်ဓါတ်အား သုံးစွဲမှု ရည်မှန်းချက် ပြည့်မီရေးအတွက် မြန်မာနိုင်ငံ၏လျှပ်စစ်ဓါတ်အား လိုအပ်ချက် ပမာဏသည် လက်ရှိထက် ၂ ဆခန့်တိုးတက်လာရန်ရှိပါသည်။

ဧရာဝတီ၊ စစ်တောင်း၊သံလွင်နှင့် ချင်းတွင်းမြစ်များတလျောက် အကြီးစားရေအားလျှပ်စစ်လုပ်ငန်း (၉၂) ခုတည် ဆောက်ပြီးသည့်အပြင် အသေးစားရေအားလျှပ်စစ်လုပ်ငန်းများ၊ အခြားစွမ်းအင် အရင်းအမြစ်များ (ဥပမာ-ဆိုလာ၊ လေအား၊ သဘာဝဓါတ်ငွေ့)သည် နိုင်ငံ၏လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုအတွက် အလားအလာကောင်းများဖြစ် ပါသည်။

လျှပ်စစ်ဓါတ်အားကဏ္ဍ အဓိကအခွင့်အလမ်းများ
  • အလယ်အလတ်နှင့် အကြီးစားရေအားလျှပ်စစ်လုပ်ငန်းများတည်ဆောက်ခြင်းနှင့် သဘာဝ ဓါတ်ငွေ့စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများအား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်
  • လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်း (မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် ရန်ကုန်မြို့အကြား အဆင့်မြင့်ဓါတ်အားလိုင်းတည်ဆောက်ခြင်း)
  • အသေးစားရေအားလျှပ်စစ်လုပ်ငန်းများတည်ဆောက်ခြင်း (ဥပမာ- ကျေးရွာများ သို့ ထောက်ပံ့ရန်)
  • ဆိုလာနှင့်လေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများတည်ဆောက်ခြင်း
  • ဆိုလာစွမ်းအင်အခြေခံလုပ်ငန်းများ (ဆိုလာစွမ်းအင်သုံးပန့်များ၊ ဆိုလာစွမ်းအင်သုံး မီးလင်းရေး)နှင့် ကျေးလက်နေပြည်သူများအား ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ လက်တွေ့ အသုံးချတတ်စေ ရေး ဆောင်ရွက်ခြင်း
  • မြို့ပြနှင့် စက်မှုဇုန်များတွင် လက်ရှိအသုံးပြုလျက်ရှိသည့် လျှပ်စစ်ဆိုင်ရာ အခြေခံ အဆောက်အဦ များ အဆင့်မြှင့်တင်ခြင်
ကုန်ထုတ်လုပ်မှုကဏ္ဍ

မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတည်ရှိခြင်း၊ အရှေ့တောင် အာရှ (အာဆီယံ စီးပွားရေး အသိုက်အဝန်း) ၏ မဟာဗျူဟာကျသည့်စျေးကွက်အား တိုက်ရိုက် ပါဝင်နိုင်ခြင်း စသည့်အချက်များကြောင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အခွင့်အလမ်းများစွာ ရရှိစေ မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ၏ ပို့ကုန်များအပေါ် ဦးစားပေးအခွန် ကင်းလွတ်ခွင့်အစီအစဉ် သတ်မှတ်ပေး ထားသည့်နိုင်ငံများ (ဥပမာ-အီးယူ နိုင်ငံများ၊ ဂျပန်နိုင်ငံ)ကြောင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် သင့်လျော်သည့် နေရာတစ်ခု ဖြစ်လာသည်။

အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အလုပ်သမားလုပ်ခလစာစရိတ်နည်းပါးခြင်း၊ သဘာဝသယံ ဇာတ ပေါကြွယ်ဝခြင်း၊ စိုက်ပျိုး ရေးကို အခြေခံသည့်တန်ဖိုးမြှင့်ထုတ်လုပ်မှုများနှင့် စက်မှုလုပ်ငန်း များ၌ ရင်းနှီးမြှုပ်နှံမှုများသည် အစိုးရ၏ ဦးစားပေး လုပ်ငန်းကဏ္ဍများဖြစ်ခြင်းစသည့် အချက်များကလည်း ရင်းနှီးမြှုပ်နှံသူများကို ပိုမိုကောင်းမွန်သည့် အခြေအနေများ ရရှိခံစားနိုင် မည်ဖြစ်ပါသည်။

ထုတ်လုပ်မှုလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရာတွင် ပိုမို လွယ်ကူချောမွေ့စေရေးအတွက် အထူးစီးပွားရေး ဇုန်များ ဖြစ်သော သီလဝါ အထူးစီးပွားရေးဇုန် (ရန်ကုန်မြို့အနီး)၊ မြန်မာနိုင်ငံအရှေ့တောင်ဘက် တင်္နသာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးရေးဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် ကုမ္ပဏီများအတွက် သီးခြားဥပဒေ ပြဌာန်းချက်နှင့် ရင်းနှီးမြှုပ်နှံမှု သက်သာခွင့်များအား ထောက်ပံ့ပေးထားပါသည်။ သီလဝါ အထူးစီးပွားရေး ဇုန်အား မြန်မာနိုင်ငံ၏ ပထမဆုံးသော အထူးစီးပွားရေးဇုန်အဖြစ် ၂၀၁၅ ခုနှစ်တွင် စတင် လည်ပတ် ဆောင်ရွက်ခဲ့ပါသည်။

အထူးစီးပွားရေးဇုန်များအပြင် ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် (၂၉)ခု၊ မန္တလေး၊ မုံရွာ၊ ဘားအံ့၊ ကလေး၊ ရွှေဘို၊ မြင်းခြံ၊ မိတ္ထီလာ၊ မကွေး၊ ပခုက္ကူ၊ ရေနံချောင်း၊ တောင်ကြီး၊ ပြည်၊ မော်လမြိုင်၊ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတနှင့် မြိတ်မြို့များတွင်လည်း စက်မှုဇုန်များစွာ တည်ထောင်ထားပြီး ဖြစ်ပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍ အဓိကအခွင့်အလမ်းမျာ

မြန်မာနိုင်ငံရှိ အထောက်အပံ့စက်မှုလုပ်ငန်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တန်ဖိုးကွင်းဆက်ပေါင်းစည်းမှု (ဥပမာ- ဖက်စပ်စီးပွားရေးလုပ်ငန်း) ရရှိစေနိုင်ပြီး နိုင်ငံတကာ စျေးကွက်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု မတည်ငွေများဖြင့် မြန်မာနိုင်ငံ အတွင်း လုပ်ငန်း လည်ပတ်သည့် အတွေ့အကြုံများအား ပူးပေါင်းဆောင်ရွက်ခြင်း
အောက်ဖော်ပြပါ စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများကိုလည်း အားပေး ဆောင်ရွက် လျက် ရှိပါသည်

  • မြန်မာနိုင်ငံ၏ ဒုတိယအဆင့်မြို့ (ဥပမာ- ပုသိမ်၊ ပဲခူး၊ ဘားအံ့စသည့်မြို့များ) ဧရိယာ များအတွင်း အထည်ချုပ် လုပ်ငန်းများ၊ ဖိနပ်ထုတ်လုပ်သည့်လုပ်ငန်းများ သို့မဟုတ် အရုပ်တပ်ဆင်သည့်လုပ်ငန်းများ၊ အခြားစက်တပ်ဆင်သည့် လုပ်ငန်း များ ကဲ့သို့သော လုပ်သားဦးစားပေး စက်မှုလုပ်ငန်းများ
  • ကျေးလက်ဒေသ စိုက်ပျိုးထုတ်လုပ်သည့် ဧရိယာအတွင်း စိုက်ပျိုးရေးအခြေခံ ကုန်ထုတ် လုပ်ငန်းများ (အသေးစိတ်အား စိုက်ပျိုးရေးကဏ္ဍတွင် ကြည့်ရှုနိုင်ပါသည်)
  • ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများမှ အများဆုံးအသုံးပြုသည့် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ (ဥပမာ- ဘိလပ်မြေ၊ အုတ်၊ စတီး၊ ဖန်၊ သုတ်ဆေး၊ တံခါးပေါက်နှင့် ပြတင်းပေါက်များ စသည်ဖြင့်)
  • မြန်မာနိုင်ငံအတွင်း ကျောက်မျက်ထုတ်လုပ်သည့်လုပ်ငန်း (ဥပမာ- ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား) များအား ဒီဇိုင်းထုတ်လုပ်ခြင်း၊ ဖြတ်တောက်ခြင်း၊ အရောင်တင် ခြင်းကဲ့သို့သော တန်ဖိုးမြှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများ
  • မတည်ရင်းနှီးငွေမြင့်မားသည့် စက်မှုလုပ်ငန်းများ (ဥပမာ- မော်တော်ကား ထုတ်လုပ် သည့်လုပ်ငန်း၊ မြေယာဖော်ထုတ်လုပ်လုပ်ငန်း) အဓိကအားဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ စျေးကွက်အား လက်ခံရရှိနိုင်သည့် တည်နေရာများ (ဥပမာ- အထူးစီးပွား ရေးဇုန်များ)
  • သစ်မာသားနှင့် ဝါးတို့ကို အခြေခံထုတ်လုပ်သည့် သစ်အခြေခံကုန်ထုတ်လုပ်ငန်းများ (ဥပမာ- ပရိဘောဂထုတ်လုပ်သည့်လုပ်ငန်း)
  • စက္ကူနှင့် ကတ်ထူပြားထုတ်လုပ်သည့် လုပ်ငန်းများ
  • နည်းပညာမြင့်မားသည့် စက်မှုလုပ်ငန်းများ (ဥပမာ ရန်ကုန်မြို့၊ နေပြည်တော်၊ ပဲခူးနှင့် မန္တလေးမြို့များတွင်) နှင့် ပြည်တွင်းတွင်အခြေပြု၍ နိုင်ငံတကာ လေဆိပ်များမှတဆင့် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ စျေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည့်အခွင့်အလမ်း များ
  • ပြည်တွင်းနှင့် ဒေသတွင်း လိုအပ်ချက်များကို အခြေခံသည့် ဓါတုဗေဒ စက်မှုလုပ်ငန်း များ (ဥပမာ- ဆေးဝါးနှင့် ပလက်စတစ်ပစ္စည်းများ)
  • စက်မှု ဝန်ဆောင်မှုလုပ်ငန်းများ (ဥပမာ- စွန့်ပစ်ရေ စီမံခန့်ခွဲမှု၊ ပြန်လည်အသုံးပြုခြင်း၊ ကျွမ်းကျင်မှု သင်တန်းများ)